Tuesday 1 December 2009

နိဂုံး

တစ်ချိန်က
ပင်ယံထက်က ပန်းတစ်ပွင့်
လန်းဆန်းစွာ ဖူးပွင့်ရင်းဖြင့်
မာန်ဝင့်လို့ အလှချင်းပြိုင်
သူအနိုင် ကိုယ်အပိုင်
အလှတရားပြိုင်ဆိုင်ချင်သည်
မြင်သူတင့်သည့် ပန်းပေမို့
ပျိုလေးခေါင်းထက် နေရာယူ
လှအားပိုစေသူဟု...
လူတကာဖော်ကျူး ကြည်နူးမှုဖြင့်
မာန်တက်လို့ ဂုဏ်မက်တယ်
အချိန်လွန် သူညှိုးတော့
ပန်းပိုင်ရှင် ဘယ်မသိတယ်
အိပ်စက်ရာ နောက်ဆုံးဘဝ
အမှိုက်ပုံးလေးက ပန်းကလေးမိတ်ဆွေဖြစ်ရတယ်
နွမ်းလို့ကြွေရတဲ့
ပန်းဘ၀ နိဂုံး။

Thursday 19 November 2009

ပန်း...မာန

ပန်းတစ်ပွင့် နန်းမြင့်မှာ တင့်စေချင်သည်...
မြင်သူအပေါင်း ခညောင်းအားရ
တော်ဝင်ပန်းမို့ လှမ်းမရသည့်ထင်...
ထိုသူထိုင်ငေး မှိုင်တွေးနေချိန်
ပန်းကလေး ဘ၀င်ခိုက်
အားရအောင် ရယ်လိုက်ချင်ပါသည်...
ဒါက ပန်းတို့မာန ဘယ်တော့မှ ခ၀ါမချ....

ပေးနိုင်စွမ်း

ချစ်ခြင်းဆိုတာ `အယူ`
မေတ္တာဆိုတာ `အပေး`
ငါပေးနိုင်တာ မေတ္တာ
မင်းလိုချင်တာ ချစ်ခြင်း...
လောဘ နှင့် ရမက် ကင်းအောင်
မင်းကို မေတ္တာပေးခြင်းဖြင့်
သာယာတဲ့ဘ၀မှာ
အေးချမ်းစွာရပ်တည်နိုင်ကြပါစေ....

Monday 7 September 2009

နေရာ...

နေရောင်ခြည်စွမ်းအင်ကြောင့် ဗိုင်းရပ်စ်ပိုးလေးတွေ သေစေနိုင်တယ်တဲ့ ။ ဗိုင်းရပ်စ်ထဲမှာ လူကိုအကျိုးပြုတဲ့ ဗိုင်းရပ်စ် ရှိသလို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်လည်း ရှိတယ်. နေရောင်ခြည်က လူကိုဒုက္ခပေးနိုင်တဲ့ ဗိုင်းရပ်စ်လေးတွေကိုပဲ သေစေတာလား...ဒါမှမဟုတ် ဗိုင်းရပ်စ် အားလုံးကိုသေစေတာလား... နေရောင်ခြည်ကြောင့်လူတွေဟာ ကောင်းကျိုး၊ ဆိုးကျိုးခံစားကြရတယ်။ အဲလိုပါပဲ internet လို့ခေါ်တဲ့ ဒီဒေသလေးကလည်း လူကို အကျိုးပြုတဲ့ နေရာလေး ဖြစ်သလို၊ လူကို လှည့်စားတတ်တဲ့နေရာလေးလည်း ဖြစ်မယ်ထင်တယ်။ ဘာလို့လည်းဆိုရင် သူစီကနေ အသိပညာတွေ ရရှိနိုင်သလို လူကိုပျက်စီးစေနိုင်တဲ့ လမ်းတွေလည်း အများကြီးရှိတယ်။ ဒီဒေသလေးကို ရောက်ဘူး သွားပြီဆိုရင် လူတွေဟာ လှည့်မပြန်ချင်တော့လောက်အောင် သူက စွဲဆောင်ထားနိုင်တဲ့ တန်ခိုးလေးရှိပြန်တယ်လေ။ သူကိုအသုံးပြုတတ်သွားပြီဆိုရင် သူငယ်ချင်းတွေ အများကြီး ရလာနိုင်တဲ့ကောင်းကျိုးလေးလည်းရှိတယ်။ လူတွေရဲ့စိတ်ကိုနားလည်းရခက်ပါလား ဆိုတာ သူ့စီကနေတစ်ဆင့် သိခဲ့ရလောက်အောင် သူ့မှာမိတ်ဆွေတွေအများကြီးရှိပြန်တယ်။ သူ့စီမှာ စိတ်ကစားတတ်တဲ့ ကလေးတွေ၊ နားလည်ရခက်တဲ့လူကြီးတွေ၊ အဆင်ပြေနေတဲ့ မိသားစု တွေ၊ အဆင်မပြေနိုင်ကျလို့ စိတ်ညစ်ရတဲ့မိသားစုအကြောင်းလေးတွေကို ခင်မင်ရင်းနှီးရင်းနဲ့ သိလာရတယ်။ လူလောကဖြစ်ပျက်သမျှ သူစီကနေတစ်ဆင့်သိခွင့်ရတဲ့ နေရာဒေသလေး တစ်ခုပါပဲ။ ဒါကတော့ ကောင်းကျိုးနေရာလေးပါ။ တစ်ချို့လူငယ်လေးတွေက ရေလိုက်လွဲသွားတဲ့ ငါးလေးတွေလို ကောင်းတဲ့လမ်းပေါ်မလျှောက်မိတာလည်းရှိတတ်တယ်။ လူငယ်ဆိုတာ စူးစမ်းတယ်၊ လက်တွေ့ကျတယ်လို့ ဆိုလို့ရပေမယ့် မကောင်းဘူးလို့ ထင်ရင် နောက်ပြန်လှည့်သင့်ပါတယ်။ ဒီဒေသလေးက အစားမတော်တစ်လုပ်၊ အသွားမတော် တစ်လှမ်းဆိုသလို လမ်းမှားသွားမိတာမျိုးတွေဖြစ်တတ်လို့ပါ။ ဒီဒေသလေးကို ရောက်လာတဲ့၊ အသုံးပြုကျတဲ့ မောင်လေး၊ ညီမလေးတွေ အသိပညာတိုးတက်ကြစေချင်ပါတယ်…။

Saturday 25 July 2009

ပျော်ရွင်ပါစေ...

မောင်လေး၊ ညီမလေးတို့ရေ.. မဂ်လာပါနော်...