Thursday 19 November 2009

ပန်း...မာန

ပန်းတစ်ပွင့် နန်းမြင့်မှာ တင့်စေချင်သည်...
မြင်သူအပေါင်း ခညောင်းအားရ
တော်ဝင်ပန်းမို့ လှမ်းမရသည့်ထင်...
ထိုသူထိုင်ငေး မှိုင်တွေးနေချိန်
ပန်းကလေး ဘ၀င်ခိုက်
အားရအောင် ရယ်လိုက်ချင်ပါသည်...
ဒါက ပန်းတို့မာန ဘယ်တော့မှ ခ၀ါမချ....

ပေးနိုင်စွမ်း

ချစ်ခြင်းဆိုတာ `အယူ`
မေတ္တာဆိုတာ `အပေး`
ငါပေးနိုင်တာ မေတ္တာ
မင်းလိုချင်တာ ချစ်ခြင်း...
လောဘ နှင့် ရမက် ကင်းအောင်
မင်းကို မေတ္တာပေးခြင်းဖြင့်
သာယာတဲ့ဘ၀မှာ
အေးချမ်းစွာရပ်တည်နိုင်ကြပါစေ....