Tuesday 1 December 2009

နိဂုံး

တစ်ချိန်က
ပင်ယံထက်က ပန်းတစ်ပွင့်
လန်းဆန်းစွာ ဖူးပွင့်ရင်းဖြင့်
မာန်ဝင့်လို့ အလှချင်းပြိုင်
သူအနိုင် ကိုယ်အပိုင်
အလှတရားပြိုင်ဆိုင်ချင်သည်
မြင်သူတင့်သည့် ပန်းပေမို့
ပျိုလေးခေါင်းထက် နေရာယူ
လှအားပိုစေသူဟု...
လူတကာဖော်ကျူး ကြည်နူးမှုဖြင့်
မာန်တက်လို့ ဂုဏ်မက်တယ်
အချိန်လွန် သူညှိုးတော့
ပန်းပိုင်ရှင် ဘယ်မသိတယ်
အိပ်စက်ရာ နောက်ဆုံးဘဝ
အမှိုက်ပုံးလေးက ပန်းကလေးမိတ်ဆွေဖြစ်ရတယ်
နွမ်းလို့ကြွေရတဲ့
ပန်းဘ၀ နိဂုံး။