Monday 8 February 2010

I hope your love

တစ်ဦးကို တစ်ဦးချစ်မှ..
အချစ်ဆိုတာ လှပသာယာမှာပါ..။
မင်းကိုကိုယ်ယုံကြည်တယ်
ကံကြမ္မာက မျက်လှည့်ပြရင်တောင်
အရာရာကိုရင်ဆိုဖို့ သတ္တိတော့
တို့မွေးမှရမယ်နော်...
အချစ်ဆိုတာ ဆောင်းအိမ်မက်လိုပါပဲ
စိတ်ကူးတွေက
လေဟာနယ်ထဲရောက်လာလိုက်
ရင်ဘတ်ထဲမှာ ပုန်းခိုလိုက်
ကိုယ်တိုင်စိုက်တဲ့အချစ်သစ်ပင်
ဘယ်လိုရှင်သန်အောင်မွေးမြူရမလဲ
စိုးရိမ်မိတာက တစ်ခုထဲပဲ
အဲဒါက
ကိုယ့်ကိုမင်းမချစ်မှာကိုဘဲ
ကိုယ်ချစ်တဲ့သူက
ကိုယ့်ကိုချစ်စေချင်တာ
ချစ်သူတိုင်းရဲ့ ဆန္ဒပါကွာ...
တစ်ဦးရဲ့ဆန္ဒကို
တစ်ယောက်ကပုံဖော်ပေးမယ်ဆိုရင်တော့
အချစ်ကြောင့်လှပတဲ့ကမ္ဘာကြီး..
လှပြီးရင်းလှနေမှာပေါ့ကွာ..
အကြင်နာဆိုတာ..
ရင်မှာသိမ်းထားရတာမဟုတ်ဘူး..
နှလုံးသားချင်းပေါင်းစပ်ဖို့
ဆက်သွယ်ထားတဲ့ပေါင်းကူးတံတားပါ..။
ဒါကြောင့်..
တံတားလေးတစ်ခု ခိုင်မာမှဖြစ်မှာမို့
မင်းရင်ထဲက အကြင်နာတွေကို
tall your heart out
ရင်ထဲရှိတာသွန်ချလိုက်ပါ..။
ဆက်လက်ပြီးစီးဆင်းမသွားရအောင်တော့
ကိုယ့်ရင်ဘတ်ကြီးနဲ့
တမံလုပ်ထားမှာပါ...
ကဲ.. ဟုတ်ပြီလား...
(သူငယ်ချင်းတစ်ယောက် ပို့ပေးထားတဲ့ ကဗျာလေးပါ...)